တိုက်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမည့်လူဦးရေစာရင်းကောက်ယူရေးသင်တန်း ဖွင့်လှစ်

တိုက်ကြီး       စက်တင်ဘာ             ၁

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ  စီစဉ်ဆောင်ရွက်သော ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးမည့် လူဦးရေစာရင်းကောက်ယူရေးသင်တန်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက သင်တန်းသို့ တက်ရောက် လာသူများအား အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုက်ကြီးမြို့နယ်ဦးစီးမှူးရုံး မှ မြို့နယ်ဦးစီးမှူး ဦးအောင်မင်းထွေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမည့် လူဦးရေစာရင်းကောက်ယူရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့် ရပ်ကွက်/ကျေး ရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး သင်တန်းအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး နည်းလမ်းများနှင့်အညီ  ဖွင့်လှစ်ပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး ထံမှ သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)