Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
အမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်မြောက်လာရောက်ထိုးနှံကြသည့် အဘိုးအဘွားများနှင့် ပြည်သူများအား နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်
Aug 31,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်မြောက် လာ ရောက်ထိုးနှံကြသည့် အသက် ၆၅ နှစ်နှင့်အထက်အဘိုးအဘွားများနှင့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများမဖြစ်ပေါ်စေရန်အတွက် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ နမှ ဝန်ထမ်းများက နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ကိုဆေးကြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးအနီးကျေးရွာများတွင် ရေဝင်ရောက်လျက်ရှိ
Aug 31,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့်မြစ်ကမ်း ဘေးအနီး ကျေးရွာများဖြစ်သည့် နန်းတော်ကျွန်းကျေးရွာ ၊ ထူးကျေးရွာ ၊ ငါးခြောက်ကျွန်းကျေး ရွာနှင့် မြင်းခြံစုကျေးရွာတို့တွင် ယနေ့ နံနက်ပိုင်း မြစ်ရေဝင် ရောက်မှုများ ရှိနေကြောင်းပွင့်ဖြူ မြို့နယ်နန်းတော်ကျွန်းကျေးရွာမှ ဒေသခံပြည်သူများထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးလျက်ရှိ
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် အသက် (၆၅)နှစ်နှင့် အထက် ဘိုးဘွားများ၊ ဝန်ထမ်းများ နှင့် volunteer များအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီမှစ၍ ဒေါပုံမြို့နယ်၊ အ.ထ.က(၁)ကျောင်းနှင့် အ.လ.က(၄) ကျောင်းတို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အသက် ၁၈နှစ်မှ ၆၅နှစ်အထက် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Aug 31,2021
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရွှေနဒီဦးခန်းမတွင် ယမန်နေ့ နံနက် ၈ နာရီမှစ၍ အသက် ၁၈နှစ်မှ ၆၅နှစ်အထက် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Aug 31,2021
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်း အခမ်းအနားကို ယနေ့နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁,၁၂၇)ဦးအနက် (၉၂၂)ဦး ဆေးရုံဆင်းခွင့်ရရှိ
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အနံပျောက် ဝေဒနာ ခံစားနေရသူများကို Mobile Test Kit ဖြင့် ယမန်နေ့က စစ်ဆေးခဲ့ကြရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၀)ဦး တွေ့ရှိခဲ့သဖြင့် အတည်ပြုလူနာ(၁,၁၂၇)ဦး အနက်မှ (၉၂၂)ဦး ဆေးရုံဆင်းခွင့် ရရှိခဲ့ပြီး သေဆုံးသူ(၈၄)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့အတွင်း အထူးလျော့စျေးဖြင့် ကြက်ဥ၊ ဘဲဥ၊ ဆန်၊ ကြက်သွန်နီနှင့် သားငါး ကုန်စိမ်းများအား စျေးကားဖြင့် လှည့်လည်ရောင်းချ
Aug 31,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ကာလအတွင်း စားသောက်ကုန် များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန်အတွက် အထူးလျော့ဈေးဖြင့် ယနေ့နံနက်ပိုင်းက မြို့အတွင်း စျေးကား (၅)စီးဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 31,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးများ၊ စာရေးများနှင့်တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24266
Page
24267
Page
24268
Page
24269
Current page
24270
Page
24271
Page
24272
Page
24273
Page
24274
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department