သတင်းများ

သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၇၇၂)ဦးတို့အား တတိယသုံးလပတ် လူမှုရေး ပင်စင်ငွေများ ထောက်ပံ့ပေးအပ်
Aug 31,2021
သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးအဘိုး(၃၀၈)ဦး၊ အဘွား(၄၆၄)ဦးတို့ကို ဧပြီလ၊ မေလ၊(ဇွန်လ)တတိယ သုံးလပတ်အတွက် လူမှုရေးပင်စင်(၃၀၀၀၀)ကျပ်တို့အား သက်ကြီးဘိုးဘွားများ ကိုယ်စား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များထံသို့ ယမန်ရက်နေ့ နေ့လည် ၁၁ နာရီခွဲ အချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ ပထမအပတ်အတွင်း ကာကွယ်ဆေးထိုးနှံပြီးသူများအား ထန်းတပင်မြို့နယ်တွင် ဒုတိယအကြိမ်မြောက် ဆက်လက်ထိုးနှံ
Aug 31,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိရာ သြဂုတ်လ ပထမအပတ်အတွင်း ပထမအကြိမ်မြောက်
ကိုဗစ်အလွန်ခရီးသွားကဏ္ဍ မြှင့်တင်နိုင်ရေး ခရီးစဉ်ဒေသများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
Aug 31,2021
ကရင်ပြည်နယ်အတွင်း ကိုဗစ်အလွန်ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ခရီးစဉ်ဒေသများ ဖြစ်သည့် ကော့ဂွန်း ဂူနှင့် ရသေ့ပျံဂူတို့၏ မိုးတွင်းကာလ ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေများအား ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဒုတိယနေ့ထိ ပြည်သူ ၁၃၆၅ဦးအား ထိုးနှံပေးပြီးဖြစ်
Aug 31,2021
မွန်ပြည်နယ်  ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ကို ဩဂုတ် ၂၉ရက်နေ့ နံနက်ပိုင်းမှစတင်ကာ သတ်မှတ်စုရပ်နေရာများ၌ ဆရာတော်သံဃာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးရွယ်အိုများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းများ ဆောင်ရွက်
Aug 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် အသက်(၆၅)နှစ်နှင့် အထက်သံဃာတော်များ၊ သီလရှင်များ၊ သက်ကြီးဘိုးဘွားများကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထိုးပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်၉နာရီအချိန်မှစ၍ ကျောက်တလုံးကြီးမြို့အောင် ဓမ္မ စေတီ ဘုရားကုန်း၌ထိုးနှံပေးလျက်ရှိသည်။
ကျောက်မဲမြို့တွင် ဆောက်နေသည့် "အာယုသုခ" အောက်စီဂျင်စက်ရုံအတွက် အလှူငွေများ ပေးအပ်လှူဒါန်း
Aug 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေရွာအုပ်စု၊ တောင်နောက်ကျေးရွာ၊ သက်ကြီးဘိုးဘွား စောင့်ရှောက်ရေးဝင်း အတွင်း၌ တည်ဆောက်လျက်ရှိသော "အာယုသုခ" အောက်စီဂျင်စက်ရုံ Oxygen Plant အတွက် ရှမ်းပြည်နယ်အစိုးရမှ လှူဒါန်းငွေများနှင့် အလှူရှင်များမှ လှူဒါန်းငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။
စစ်တွေမြို့နယ်အတွင်းရှိ IDPs စခန်းများမှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 31,2021
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ IDPs စခန်းများတွင် ခိုလှုံနေကြသည့် အသက်(၄၅)နှစ် နှင့်အထက် ပြည်သူများအား သဲချောင်းကျေးရွာရှိ ဘက်စုံသုံးမုန်တိုင်းဒဏ်ခံ အဆောက် အဦ၌ Sinovac ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
မင်းပြားမြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေး အသိပညာ ပေးလက်ကမ်းစာစောင်နှင့် Mask များကို ရဟန်း၊သံဃာ၊ သီလရှင်၊ ပြည်သူများအား ဖြန့်ဝေ
Aug 31,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ယခုလက်ရှိဖြစ်ပွားနေသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရေးနှင့် ကူးစက်မှု မရှိစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံးနှင့် ရာမောင်ခန်းမ၌ (Mask)များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။