သတင်းများ

မြို့နယ်အတွင်း အလှူရှင်များ လှူဒါန်းသည့် အောက်ဆီဂျင်စက် ချောင်းဆုံ ဆေးရုံသို့ ရောက်ရှိ
Sep 01,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ဆေးရုံများနှင့် ပြည်သူများ အောက်ဆီဂျင် အလုံအလောက် ရရှိနိုင်ရေးအတွက် စေတနာရှင်၊ အလှူရှင် များမှ လှူဒါန်းငွေများဖြင့်ယနေ့ မွန်းလွဲ ၂ နာရီ က ချောင်းဆုံဆေးရုံသို့ ထိုင်းနိုင်ငံမှတဆင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်ကို မုဒုံမောင်မောင် ကုမ္ပဏီမှ သယ်ယူပို့ဆောင်ရေးယာဉ်ဖြင့် အောက်ဆီဂျင်စက် ရောက်ရှိ ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်
Sep 01,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ လုပ်ငန်းများတွင် အသုံးပြုရန် အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများလှူဒါန်း
Sep 01,2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများလှူဒါန်းခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ၌ ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် အလှူရှင်များတက်ရောက်ကြသည်။
မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း ရခိုင်ဇုံမှ အောင်ဆီဂျင်အိုးများနှင့်ဆက်စပ် ပစ္စည်း လာရောက်လှူဒါန်း
Aug 31,2021
ငပလီမြို့(၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကုသနေသူများနှင့် ပြင်ပမှအောက်ဆီဂျင် လိုအပ်သူများအတွက် အောက်ဆီဂျင် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အောက်ဆီဂျင်အိုးများ လာရောက်လှူဒါန်းခြင်းကို ယနေ့ နံနက် (၁၀) အချိန်က ငပလီမြို့ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၇၇၂)ဦးတို့အား တတိယသုံးလပတ် လူမှုရေး ပင်စင်ငွေများ ထောက်ပံ့ပေးအပ်
Aug 31,2021
သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးအဘိုး(၃၀၈)ဦး၊ အဘွား(၄၆၄)ဦးတို့ကို ဧပြီလ၊ မေလ၊(ဇွန်လ)တတိယ သုံးလပတ်အတွက် လူမှုရေးပင်စင်(၃၀၀၀၀)ကျပ်တို့အား သက်ကြီးဘိုးဘွားများ ကိုယ်စား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များထံသို့ ယမန်ရက်နေ့ နေ့လည် ၁၁ နာရီခွဲ အချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ ပထမအပတ်အတွင်း ကာကွယ်ဆေးထိုးနှံပြီးသူများအား ထန်းတပင်မြို့နယ်တွင် ဒုတိယအကြိမ်မြောက် ဆက်လက်ထိုးနှံ
Aug 31,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိရာ သြဂုတ်လ ပထမအပတ်အတွင်း ပထမအကြိမ်မြောက်
ကိုဗစ်အလွန်ခရီးသွားကဏ္ဍ မြှင့်တင်နိုင်ရေး ခရီးစဉ်ဒေသများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
Aug 31,2021
ကရင်ပြည်နယ်အတွင်း ကိုဗစ်အလွန်ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ခရီးစဉ်ဒေသများ ဖြစ်သည့် ကော့ဂွန်း ဂူနှင့် ရသေ့ပျံဂူတို့၏ မိုးတွင်းကာလ ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေများအား ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဒုတိယနေ့ထိ ပြည်သူ ၁၃၆၅ဦးအား ထိုးနှံပေးပြီးဖြစ်
Aug 31,2021
မွန်ပြည်နယ်  ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ကို ဩဂုတ် ၂၉ရက်နေ့ နံနက်ပိုင်းမှစတင်ကာ သတ်မှတ်စုရပ်နေရာများ၌ ဆရာတော်သံဃာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးရွယ်အိုများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။