ကွမ်းလုံမြို့၌ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၁၈၃)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

ကွမ်းလုံ စက်တင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်မှ အသက်(၈၅) နှစ်အထက် အဘိုးအဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်အကျိုးခံစားခွင့်အတွက် ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်  ပေးအပ်ခဲ့သည်။

ကွမ်းလုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စု (၃၁)အုပ်စုအတွင်းမှ အသက်(၈၅)နှစ် အထက် ဘိုးဘွား (၁၈၃)ဦးအား ဧပြီလ၊ မေလနှင့် ဇွန်လအတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့် တစ်ဦးလျှင် သုံးသောင်းကျပ်စီဖြင့် စုစုပေါင်းငွေကျပ် (၅၄၉၀၀၀၀)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယဦးစီးမှူးထံသို့ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် စာရေးဝန်ထမ်းများထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဖြိုးမမ (ကွမ်းလုံ)