ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Sep 03,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ Sinopharm အမှတ်တံဆိပ်ပါ တရုတ်ပြည်သူ့သမ္မတ နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စုရပ် နေရာ(၅)နေရာတို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ သြဂုတ် ၂၈ ရက်မှ ယနေ့နံနက်ပိုင်းအထိ၊ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူ စုစုပေါင်း(၃၉၉၅)ဦး ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။