ပန်းခင်းစီမံချက်အကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပ

ထားဝယ် စက်တင်ဘာ ၃

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့လာသည့်အတွက် အများပြည်သူများအနေဖြင့် Stay at Home နေစဉ်ကာလအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်ရုံးနှင့် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတို့ ပူးပေါင်း၍ ပန်းခင်းစီမံချက်အကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးနိုင်ဝင်းက ထားဝယ်မြို့နယ်တွင် အများပြည်သူများအနေဖြင့် Stay at Home နေစဉ်ကာလအတွင်း ပန်းခင်းစီမံချက်အကြောင်း အသိပညာပေးဆွေးနွေးပွဲကို Oline ကနေတစ်ဆင့် တင်ဆက်ရခြင်းဖြစ်ကြောင်းနှင့် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံသားတိုင်ရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းအား အမြန်ပြီးစီး အောင်မြင်ရေးအတွက် စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လုပ်ငန်းများ ဆက်လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းအကြောင်းနှင့် ဆောင်ရွက်ပေးမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးနိုင်ဝင်းက ဆွေးနွေးပြောကြားပေးပါသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးအား ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ဆွေးနွေးပွဲ Talk Show အစီအစဉ်များကို ဆက်လက်ကျင်းပပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ်(ထားဝယ်)