ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပြီးသူများ ဒုတိယအကြိမ် မပျက်မကွက် လာရောက်ထိုးနှံလျက်ရှိ
Sep 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ပထမအကြိမ် ထိုးနှံခြင်းကို သြဂုတ်လ ၃ရက်နေ့မှစ၍ မြို့နယ်ပြည်သူ့ဆေးရုံနှင့် သတ်မှတ်ထားရှိသော ဆေးထိုးစုရပ်များ၌ အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုးများ၊ ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ နှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( Sinopharm)အား အမျိုးသား ၈၈၉ ဦး၊ အမျိုးသမီး ၁၀၁၂ ဦး စုစုပေါင်း ၁၉၀၁ဦး ပထမအကြိမ် ထိုးနှံခဲ့ပြီးသူများအနေဖြင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့စက်တင်ဘာ ၃ရက်နေ့တွင် မပျက်မကွက် လာရောက်ထိုးနှံလျက်ရှိကြောင်း သိရသည်။