ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုသတိ ပေးချက်ထုတ်ပြန်
Sep 01,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ယနေ့နံနက် ၆နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၁၁၃ စင်တီမီတာသို့ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိ ရန် ၇ စင်တီမီတာ(၂)လက်မခန့်သာ လိုတော့ခြင်းကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြစ်ရေကြီးမှုသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရ သည်။