ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

 

ပုဏ္ဏာကျွန်း စက်တင်ဘာ

 

ရခိုင်ပြည်နယ်၊  ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ  ဒေသခံပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍  Sinopharm အမှတ်တံဆိပ်ပါ  တရုတ်ပြည်သူ့သမ္မတ နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏  ကြီးကြပ်မှုဖြင့်  စုရပ် နေရာ()နေရာတို့တွင်  ဆက်လက်ထိုးနှံပေးလျက်ရှိရာ သြဂုတ် ၂၈ ရက်မှ ယနေ့နံနက်ပိုင်းအထိ၊  ကာကွယ်ဆေးလာရောက်ထိုးနှံသူ  အသက်(၆၅)နှစ်နှင့်အထက်  ဒေသခံပြည်သူ စုစုပေါင်း(၃၉၉၅)ဦး ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုကို ကာကွယ်တားဆီးနိုင်ရန်၊ စီးပွားထိခိုက်မှုနှင့်ရောဂါကြောင့် သေဆုံးမှုကိုလျော့ချ နိုင်ရန် ရည်ရွယ်ချက်()ရပ်ဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ ကာကွယ်ဆေး ထိုးနှံပေးနေသည့်နေရာများသို့  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးဇော်သိန်းနှင့် အဖွဲ့ဝင် များလာရောက် ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို  ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် Volunteer စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသည့်  ပြည်သူများကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး၊  စနစ်တကျ ထိုးနှံပေးလျက်ရှိရာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း  လောကမာရဇိန်ဘုရားကြီး သိမ်တော်၊ ယိုးတရုပ် တိုက်နယ်ဆေးရုံ၊ ပိုးရွှီပြင်တိုက်နယ်ဆေးရုံ၊ ကွန်းတောင်ကျန်းမာရေးဌာနနှင့် အလယ်ချောင်း ကျန်းမာရေးဌာနတို့တွင် ပထမအကြိမ်၌ ကာကွယ်ဆေးလာရောက်ထိုးနှံပြီးစီးသူ(၄၉၃၅)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှသိရသည်။

 

နီထွန်းအောင်(ပြန်/ဆက်)