ဒဂုံမြောက် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံပေးခြင်းကို (၃၅)ရပ်ကွက် ဘုရင့်နောင်လမ်းဘေးရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် သတ်မှတ်ထားသော ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ကို ထိုးနှံပေးလျက်ရှိသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းအစီအစဉ်တွင် ကာကွယ်ဆေးအလုံးရေ ၇၁၆၆ လုံး ရရှိမှုကြောင့် မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ် အထက် သက်ကြီး ရွယ်အို များ၊ သံဃာတော်များ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်း များနှင့် မိသားစုများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ ပုဂ္ဂိုလ်များ၊ စူပါမားကတ်များနှင့် ဈေးများမှ ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းမှ ဝန်ထမ်း များနှင့် ဒေသခံပြည်သူများကို ကာကွယ်ဆေးထိုးနှံနိုင်ရေး မကျန်ရှိစေရေးအတွက် ဦးစားပေး အစီအစဉ်အလိုက် ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၄၃၃၂ ဦးကို ထိုးနှံပေးပြီး ဖြစ်ကြောင်းသိရသည်။
ပထမအကြိမ် ထိုးနှံပြီးသည့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ ၂ ရက်နေ့ထိ ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေး လျက်ရှိရာ ၅၅၉ ဦး ကာကွယ်ဆေးထိုးနှံပြီး ကြောင်း သိရသည်။
မြင့်မြင့်ရီ