ကျောက်ဆည် စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပြီး သူများအား ယနေ့နံနက် ၉နာရီခွဲက စုကြီးရပ်ကွက် မြို့တော်ခန်းမ၌ ဒုတိယအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြန်ဆန်မှုရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပြီးသူ (၇၆၄)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့အချိန်အထိ အသက်(၆၅)နှစ်အထက် အဘိုးအဘွား(၁၃၂၁)ဦး၊ သံဃာ(၁၁) ပါး၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း(၉)ဦး၊ လူမှုရေးအသင်းအဖွဲ့ဝင်(၅၈)ဦး၊ ဝန်ထမ်းမိသားစု (၂၀)ဦး၊ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူ(၅)ဦး၊ Super Marketနှင့် ဈေးရောင်းချနေသူ(၃၀)ဦး၊ စုစုပေါင်း(၁၄၅၄)ဦးကို ကာကွယ်ဆေးများထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုရန် ကျန်ရှိ သူများအား မြို့တော်ခန်းမတွင် နံနက်(၉) နာရီခွဲမှ ညနေ(၃)နာရီ အထိ ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)