သတင်းများ

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ် စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန် တဖြေးဖြေး နီးလာ၊ မြေနိမ့်ပိုင်းဒေသများ မြစ်ရေဆက်လက်ဝင်ရောက်
Sep 01,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေ တဖြေးဖြေး မြင့်တက်လာကာ မြေနိမ့်ပိုင်းဒေသများ မြစ်ရေဆက်လက် ဝင်ရောက်နေပြီး စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၁၄၅ စင်တီမီတာသာ လိုတော့ကြောင်း မြို့နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်အုန်းက ပြောသည်။
တောင်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ပိုး ရှိ/မရှိကို Pilot Project ဖြင့် စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိရာ (၃၃၅)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Sep 01,2021
တောင်ကြီးမြို့နယ်တွင် RDT Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုကို Pilot Project ဖြင့် အခမဲ့ စစ်ဆေးမှုများကို ဩဂုတ်လ ၂၃ ရက်မှ စတင်ပြီး ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ပိုး‌တွေ့ လူနာပေါင်း (၃၃၅) ဦးတွေ့ရှိကြောင်း သိရသည်။
ပန်လုံမြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Sep 01,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် ပန်ကောက်ကျေးရွာနှင့် ပန်လုံမြို့ရှိ  အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများနှင့် အုပ်စုအမျိုးအစားအလိုက် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  ယမန်နေ့နံနက် ၉ နာရီမှစ၍ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ပါသည်။
မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရမည့်အချက်များ မြန်မာနှင့် ရှမ်းဘာသာဖြင့် လှည့်လည်နှိုးဆော်
Sep 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး အတွက် လိုက်နာရမည့်အချက်များအား အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်မီးသတဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် များ၌ အသိပညာ ပေးလှည့်လှည် နှိုးဆော်ခဲ့ကြောင်းသိရသည်။
ကျွန်းလှ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် Face Shield များ ဖြန့်ဝေ
Sep 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ယမန်နေ့ နံနက် (၇)နာရီခွဲက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် သစ်ရာမြိုင်ဈေးအတွင်း ဈေးရောင်းသူများအား မျက်နှာအကာ(Face Shield)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး အစည်းအဝေးပြုလုပ်
Sep 01,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ပိုင်ရှင်များ အားခေါ် ယူတွေ့ဆုံခြင်း အစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီ အချိန်က မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ကော့ကရိတ်မြို့၌ ဆန်တစ်ပြည် ငွေကျပ် တစ်ထောင်နှုန်း၊ ကြက်ဥတစ်လုံး ငွေကျပ် (၁၀၀)နှုန်းဖြင့် လိုက်လံရောင်းချပေး
Sep 01,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စျေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် ယမန်နေ့ ညနေ ၄နာရီ အချိန်က ဆန်တစ်ပြည်လျှင် ငွေကျပ် တစ်ထောင်နှုန်း၊ ကြက်ဥတစ်လုံးကို ငွေကျပ် တစ်ရာနှုန်းဖြင့်  အမှတ် (၂)ရပ်ကွက် အတွင်း လိုက်လံ ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပတွင် စားသောက်ကုန်များဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေး Mobile Market ဈေးကားများဖြင့်ရောင်းချ
Sep 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းအချိန်က ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် စားသောက် ကုန်များ အလွယ်တကူဝယ်ယူစားသုံးနိုင်ရေးအတွက် သန့်ရှင်းလတ်ဆက်သော ဆိတ်သား၊အမဲသား၊ ဆန်၊ ဆီ၊ ကြက်ဥများစသည့် အခြေခံ စားသောက်ကုန်များကို မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ အစီအစဉ်ဖြင့် mobile market ဈေးရောင်းကားများဖြင့် အမှတ်(၁၀)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ သုမင်္ဂလာပန်းခြံရှေ့၊ အမှတ်(၁၄)ရပ်ကွက်၊သံသုမာလမ်း၊ ဥက္ကလာပဘုရားရှေ့တို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချပေးခဲ့ကြောင်း သိရသည်။