ပခုက္ကူ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရွှေမုဋ္ဌောဘုရားကြီးအနီး ဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့ နံနက် ၈ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် ခရိုင်ငါးမျိုးစိုက် ကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့် မြို့နယ်ငါးမျိုးစိုက် ကြီးကြပ် ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး ပခုက္ကူမြို့၊ ရွှေမုဋ္ဌောဘုရားအနီး ဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်းသို့ နှစ်လက်မအရွယ်ရှိ ငါးမြစ်ချင်းသားပေါက် ကောင်ရေ(၁၀၀၀၀၀)နှင့် ငါးခုံးမကြီးသားပေါက် ကောင်ရေ(၁၀၀၀၀၀) စုစုပေါင်း ကောင်ရေ(၂၀၀၀၀၀) တို့အား ငါးမျိုးစိုက်ထည့်ပေးကြကြောင်း သိရသည်။
ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးရိက္ခာဖူလုံစေရန်၊ ငါးသယံဇာတများ တိုးပွားလာစေရန်၊ ရေလုပ်သားများ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျေးလက်နေပြည်သူများ ငါးများကို ပိုမိုဖမ်းယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ဧရာဝတီမြစ်အတွင်း ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ခြင်းဖြစ်ကြောင်း ပခုက္ကူခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရဲလွင်သိန်းက ပြောသည်။
ဆလိုင်းကိုကီး