ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီး

ကုန်းကြမ်း စက်တင်ဘာ ၃

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့၌ ဩဂုတ်လဆန်ပိုင်းက ပထမအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခဲ့ပြီးဖြစ်ပါသည်။ ကုန်းကြမ်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို တရုတ် နိုင်ငံထုတ် Sinopharm အမျိုးအစား (၄၄၂)ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး မြို့နယ်ကော်မတီထံက သိရှိရပါသည်။

စက်တင်ဘာ (၂)ရက်နေ့က ကုန်းကြမ်းမြို့တွင် အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွားများ၊ အစိုးရဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊နိုင်ငံဝန်ထမ်းမိသားစုဝင်များ၊ ပုဂ္ဂလိကဘဏ်များ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံများ၊ဟိုတယ် တည်းခိုခန်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ပရဟိတများ၊Volunteerများ၊ ဘိုးဘွားရိပ်သာများ ပါဝင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ(၄၄၂)လုံး ရရှိမှုမှ ဒုတိယအကြိမ်ထိုးနှံပြီးစီးပြီးဖြစ်ကြောင်းသိရှိရသည်။ အဆိုပါ ကိုဗစ်ကာကွယ်ဆေးများကို ကုန်းကြမ်း ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဌာနက ထိုးနှံပေးနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးကျော်ကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းများက ဒုတိယအကြိမ်ဆေးထိုးနှံရာတွင် လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးခဲ့ ကြပါသည်။

မာမာ