ဂွ စက်တင်ဘာ ၃
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် တိုကင်စနစ်ဖြင့်ထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စုရပ် နေရာ(၃)နေရာတို့တွင် ယနေ့နက်ပိုင်း၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇာနည်ကျော်လာရောက် ကြည့်ရှုအားပေးခဲ့ပြီး ဂွမြို့စုရပ်တွင် ကာကွယ်ဆေးထိုးရန် လာရောက်သူများကို Maskနှင့်Faceshield များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါပြန့်ပွားမှု လျော့ကျစေရေးအတွက် တိုကင်စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးရန် လာရောက်သူများကို ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက စနစ်တကျအလှည့်ကျ ဆေးထိုး ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်