ဗန်းမောက် စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးထားသည့် မိဘပြည်သူများအား စက်တင်ဘာလ ၄ ရက် နံနက် ၉ နာရီတွင် မြို့တော်ခန်းမ၌ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ဗန်းမောက်မြို့နယ်၊ မြို့တော်ခန်းမတွင် ၂၀၂၁ခု နှစ်ဇွန်လ ၃ ရက်၊ ၄ရက် ၆ ရက်နေ့များတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားသူ(၁၀၆၀)ဦးအား (၄-၉-၂၀၂၁)ရက်နံနက်(၉)နာရီအချိန်တွင် မြို့တော်ခန်းမ၌ ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ (၅-၈-၂၀၂၁)ရက်နေ့တွင် မံလူကျေးရွာအုပ်စု ကြောင်လည်ကျေးရွာ အများပြည်သူသုံးခန်းမ၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသူ (၉၄၀) ဦးအား (၅-၉-၂၀၂၁)ရက်နေ့တွင် ကြောင်လည်ကျေးရွာ အများပြည်သူသုံးခန်းမ၌ လည်းကောင်း၊ (၇-၈-၂၀၂၁)ရက်နေ့ ကျောက်တန်းကျေးရွာအုပ်စု၊ နားမော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဇရပ်တွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံခဲ့သူ(၁၀၀၀)ဦးအား (၇-၉-၂၀၂၁)ရက်နေ့ ယင်းဘုန်းတော်ကြီးကျောင်း၌ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊၂၀၂၁ခု နှစ်ဩဂုတ်လ ၁၅ ရက်၊၁၆ ရက်၊၁၇ ရက်၊ ရက်နေ့များတွင် ပထမကြိမ်အဖြစ် မြို့တော်ခန်းမနှင့် ကနန်းလိပ်စောကျေးရွာအုပ်စု ဟော်ယောကျေးရွာ အ.ထ.က တို့တွင် ကာကွယ်ဆေးထိုးနှံထားသူ(၂၀၀၀)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးသွားမည့် ရက်များအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ ထပ်မံအသိပေးအကြောင်းကြား သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်ဝင်းထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)