မောင်တော စက်တင်ဘာ ၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၆၅)နှစ် နှင့် အထက် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာ ကွယ်ဆေးကို စက်တင်ဘာ ၃ ရက်နေ့ တွင်လည်း သတ်မှတ်နေရာများတွင် လူမျိုးဘာသာမရွေး ဆက်လက် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက် ထိုးနှံသည့် အသက်(၆၅)နှစ် နှင့်အထက်ပြည်သူများ နှင့် ဦးစားပေးအစီအစဉ်တွင် ပါဝင်သူများအား ကိုယ်အပူချိန် တိုင်းတာ ခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အ ခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကျန်းမာရေး စောင့် ရှောက်မှုများဆောက်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကူညီ ဆောင်ရွက်ပေး လျှက်ရှိ သည်။ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ က လာ ရောက် ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်များတွင် အသက် ၆၅ နှစ်နှင့် အထက် ပြည်သူ များ အား လူမျိုး ဘာ သာ မရွေး Sinopharm အမျိုးအစား ကာကွယ်ဆေးကို ဒုတိယအကြိမ် အဖြစ် ထိုးနှံပြီးစီးသူ စက်တင်ဘာ (၁) ရက်နေ့တွင် (၆၆၅)ဦး ၊ စက်တင်ဘာ(၂)ရက်နေ့တွင် (၆၀၃)ဦး စုစုပေါင်း (၁၂၆၈)ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ် ဆေး ထိုးနှံပေးခြင်းကို ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာ (၁)ရက် နေ့မှ စက်တင်ဘာ (၉) ရက် နေ့ထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များ နှင့် အညီ ထိုးနှံ ပေးမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)