သရက်မြို့၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေး

သရက်  စက်တင်ဘာ  ၃

မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ သတ်မှတ်နေရာများ၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ရွှေသက်လွတ်ဘုရာဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌  ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)  ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီက ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် ထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးပုလင်း (၃၀၅၀) လုံးအား ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ရွှေအောင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများပြုလုပ်ပြီး ယနေ့နံနက်ပိုင်းတွင် လာရောက်ထိုးနှံသူ (၁၁၄) ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

သရက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ဩဂုတ် ၂၉ ရက်နေ့မှ စတင်၍ ထိုးနှံပေးခဲ့ရာတွင် ပထအကြိမ် ဆေးထိုးနှံပြီးသူ (၆၄၂၁) ဦးတို့အား ဩဂုတ် ၂၉ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့အထိ နံနက်၉ နာရီမှ ၁၂နာရီနှင့် နေ့လည် ၁ နာရီ မှ ညနေ ၃ နာရီ အထိ ထိုးနှံပေးလျက်ရှိသည်။ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ၌ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် သတ်မှတ်နေရာ(၆)ခုဖြစ်သော ရွှေသက်လွတ်ဘုရားဝန်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမ၊ ထုံးတောင်ကျေးရွာ၊ တလပါးကျေးရွာ၊ အလပ်လယ်ကျေးရွာနှင့် ဘော်ကျေးရွာတို့တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထက်မြက်အောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)