ကျိန္တလီမြို့တွင် အသက်(၆၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ

ကျိန္တလီ  စက်တင်ဘာ

 

ရခိုင်ပြည်နယ် သံတွဲခရိုင် ကျိန္တလီမြို့တွင် အသက်(၆၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ စုရပ်တွင် ယနေ့ နံနက်()နာရီ အချိန်က ရှောက်ကုန်း ကျေးရွာအုပ်စု စေတီကွင်းကျေးရွာအုပ်စုနှင့် တောင်ပတ်လည်ကျေးရွာအုပ်စုတို့အား တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ထိုးနှံရာတွင် ကျိန္တလီမြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့များ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများက  ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသော ပြည်သူများအား ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ကျိန္တလီမြို့တွင်  ကျေးရွာအုပ်စုများမှ ကာကွယ်ဆေးထိုးရန် ရောက်ရှိလာသော ပြည်သူများအား လူစုလူဝေး မဖြစ်ပေါ်စေရန် အတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက တိုကင်နံပါတ်များဖြင့် စီစဉ်ဆောင် ရွက်ပေးခဲ့ပြီး စုစုပေါင်း(၃၅)ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ကျေးရွာအုပ်စုများမှ အသက်(၆၅)နှစ်အထက် ပြည်သူများအား ဆက်လက် ထိုးနှံနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျိန္တလီမြို့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

ခိုင်မိုးမင်း(ပြန်/ဆက်)