ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍနှင့် နယ်စပ်ကုန်စည်စီးဆင်းမှု ဖွံဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ရေး ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ရေကူးအားကစားမြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား  စက်တင်ဘာ   ၃

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးကဏ္ဍဖွံဖြိုး တိုးတက်လာ စေရေးနှင့် စိုက်ပျိုး‌ရေးထုတ်ကုန်များနှင့် ပတ်သက်၍ နယ်စပ် ကုန်စည်စီးဆင်းမှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ စေတနာ့ဝန်ထမ်း အသင်းအဖွဲများထံ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းတိုကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲရုံး အစည်းအဝေးခန်းမ၌ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ အစိုးရအဖွဲ ညွှန်ကြားရေးမှူးတိုနှင့်အတူ ကချင်တိုင်းရင်းသား အများပိုင်ကုမ္ပဏီ၊ ပြည်နယ်ကုန်စည်ပိုဆောင်ရေးအသင်း၊ ပြည်နယ်သီးနှံ ထုတ်လုပ်သူများအသင်းတိုမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံဖြိုးတိုးတက်စေရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များနှင့် ပတ်သက်၍ နယ်စပ်ကုန်စည် စီးဆင်းမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် နယ်စပ်ကုန်စည်စီးဆင်းမှုများ ပြန်လည်စတင်နိုင်ရေးအတွက် ယူနန်ပြည်နယ်နှင့် ညှိနှိင်းဆောင်ရွက်ရေးကော်မတီကို ဖွဲစည်းပြီး ဆက်လက် ဆောင်ရွက်နိုင်ရေးတိုနှင့် ပတ်သက်၍ ညှိနှိင်းပေါင်းစပ် ဆွေးနွေးခဲ့ကြသည်။

ထိုနောက် စီတာပူရပ်ကွက်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအဖြစ် ပါဝင် ကူညီဆောင်ရွက်နေကြသည့် ကချင် ပြည်နယ် အခမဲ့ ဆေးဝါးကုသရေးဖောင်ဒေးရှင်းအဖွဲဝင်များ အား ကိုဗစ် - ၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေး အပ်ခဲ့ကြ သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ဧရာရပ်ကွက်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများအဖြစ် လူငယ်များအား စုစည်းဆောင်ရွက်ပေးနေသည့် စန်း-ကချင်(CERN-Kachin)အဖွဲများနှင့် တွေ့ဆုံအားစကားပြောကြားပြီး ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး လယ်ကုန်းရပ်ကွက်၊ အမှတ် (၁၂)အခြေခံပညာအထက်တန်း ကျောင်း(ဇီးလွန်)၌ ပေါ်ဦး ဆရာတော် ဦးဆောင်ဖွင့်လှစ်ထားသည့် မဟာဂရုဏာ ကိုဗစ်-၁၉ ကုသရေး စင်တာတွင် ဦးဆောင်ဆရာတော်နှင့် စေတနာ့ဝန်ထမ်းများထံ ကိုဗစ်-၁၉ ကာကွယ်ရေး သုံးပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲသည် သီတာရပ်ကွက်၊ ရုံးကြီးလမ်းနှင့် သခင်နက် ဖေလမ်းထောင့်ရှိ ရေကူးကန် အဟောင်း ၈၀ ပေ၊ ၄၀ ပေအား ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကချင်ပြည်နယ်၏ ရေကူးအားကစားအဆင့်မြင့်မားလာစေရေးနှင့် လေ့ကျင့်ရေး ကန်တစ်ကန် အဖြစ် ရေကူးကလပ်အသင်းများဖြင့် လေ့ကျင့်ဆောင်ရွက်နိုင်ရေး ရေကူးကန်ကြမ်း ခင်းနှင့် နံရံကြွေပြားခင်းခြင်း၊ လျှောက်လမ်းကြွေပြား ခင်းခြင်းနှင့် ဒိုင်ပင်စင်သစ်သားပြားလဲခြင်း၊ ဆေးသုတ်ခြင်း၊ ရေသွင်း ရေထုတ်သန့်ရှင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကလေးရေကူး ကန်တည်ဆောက်သွားမည့်အစီအစဉ်များနှင့် ပတ်သက်၍ ပြည်နယ်ဦးစီးမှူး၏ ရှင်းလင်းတင်ပြ ချက်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ ရေကူးအား ကစားအဆင့်အတန်း မြင့်မားလာစေရေးနှင့် အများပြည်သူအတွက် ဈေးနှုန်းသက်သာစွာ ရေကူး အပန်းဖြေနိုင်ရေး စီမံဆောင်ရွက်သွားရန်မှာကြားခဲ့သည်။