မိုင်းဖြတ် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့”အသိ ပညာပေး ဆိုင်းဘုတ်ကို ယနေ့ နံနက် ၉နာရီအချိန်ခန့်က ပြည်သူ့ပန်းခြံရှေ့တွင် စိုက်ထူ ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆိုင်းဘုတ် စိုက်ထူရာတွင် နိုင်ငံတော်စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက် ရှိသော “ပန်းခင်းစီမံချက်” လုပ်းငန်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရေး အတွက် ရည်ရွယ်၍ စိုက်ထူးခြင်းဖြစ်ပြီး မြို့နယ်ဦးစီးမှူးရုံးသို့ ဆက်သွယ်ရမည့်လိပ်စာများ ပါရှိကြောင်းသိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးမဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးနှင့် ဝန်ထမ်းများက “ပန်းခင်းစီမံချက်”တွင် လက်ရှိဆောင်ရွက်ပေးနေသည့် မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအချက်များပါ ရှိသည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်း စီမံချက်ပါလုပ်ငန်းများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးလျက်ရှိပြီး မိဘပြည်သူများအနေဖြင့်လည်း မြို့နယ်ဦးစီးမှူးရုံးတွင် လိုအပ်သည့်အချက်အလက်များ ပြည်စုံစွာဖြင့် လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။
သန်းထွန်းအေး