ကန့်ဘလူ စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် သတ်မှတ်ဦးတည်အုပ်စုအလိုက် ပထမအကြိမ်ကာ ကွယ်ဆေး ထိုးနှံထားသူများကို စက်တင်ဘာ ၄ ရက်နံနက် ၈ နာရီက ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
ယင်းသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ခုတင် ၁၀၀ ဆေးရုံအုပ်ဒေါက်တာနေမိုးနှင့်ကျန်းမာရေးဝန် ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း ၊သွေးပေါင်ချိန်တိုင်းခြင်းနှင့် ရောဂါအခံရှိမရှိ မေးမြန်းခြင်းတို့ ဆောင် ရွက်ပေးကြပြီး အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ရဟန်းသံဃာတော်များ၊နိုင်ငံ့ဝန်ထမ်းများ၊ပရဟိ တဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပြီးသူများ နာရီ ဝက်နားနေနိုင်စေရန် သတ်မှတ်နေရာ စီစဉ်ဆောင်ရွက်ပေးခြင်း၊ အနားယူနေစဥ်အချိန်အတွင်း ရုတ်တရက် ကျန်းမာရေးချို့ယွင်းလာပါက လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှု များ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)