စလင်းမြို့နယ်၊ဆင်ဖြူကျွန်းမြို့ရှိယာယီပျံကျဈေးရောင်းချနေသည့်ဈေးသည်များအားMobile စနစ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိမရှိRDT Test Kitဖြင့်စစ်ဆေး

စလင်း စက်တင်ဘာ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ အမှတ်(၃) ရပ်ကွက်အတွင်းရှိ ယာယီပျံကျဈေးအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ယာယီပျံကျ ဈေးသည်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာ-၄ ရက် နေ့ နံနက် ၁၀ နာရီအချိန်က ယာယီပျံကျဈေးရောင်းချနေသည့် ဈေးသည်(၁၀၀)ဦးအား Mobile စနစ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ RDT Test Kit ဖြင့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ သည်။

စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဆင်ဖြူကျွန်းမြို့ရှိ ယာယီပျံကျဈေးရောင်းချ နေသည့်ဈေးသည် (၁၀၀)ဦးအား ကိုဗစ်-၁၉ရောဂါပိုး RDT Test Kit ဖြင့် စစ်ဆေးရာ ရောဂါပိုးတွေ့ရှိခြင်းမရှိခဲ့ကြောင်း သိရသည်။

အဆိုပါဆေးစစ်ဆေးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်၏ကြီးကြပ် ညွှန်ကြားမှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနိုင်နှင့်ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ပိုးတွေ့လူနာတွေ့ရှိခြင်းမရှိ(မရှိ) ကြောင်းသိရှိရသည်။

မောင်လွင်(စလင်း)