ဘူးသီးတောင် စက်တင်ဘာ ၄
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်းရှိဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်အထက် အဘိုး၊ အဘွားများ၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား (ဒုတိယအကြိမ် )ကိုဗစ်-၁၉ကာကွယ် ဆေး(Sinopharm)ကို သြဂုတ်လ ( ၂၉)ရက်နေ့မှစတင်ထိုးနှံပေးလျက်ရှိရာစက်တင်ဘာ လ(၃) ရက်နေ့ညနေပိုင်း ထိစုစု ပေါင်းလူဦးရေ(၁၁၇၄)ဦးကို ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) ဆေးထိုးနှံခြင်းကို ဘူးသီးတောင်မြို့ ဦးဉတ္တမခန်းမ၌ နံနက်( ၉ )နာရီမှ မွန်းတည့် ၁၁ နာရီ အထိလည်းကောင်း၊ မွန်းလွဲ ၁နာရီမှ ၃ နာရီ အထိလည်းကောင်း ကာကွယ်ဆေးထိုးနှံးပေးလျက်ရှိရာ အသက် (၆၅)နှစ်အထက် ( ၄၂၂ )ဦး၊အစိုး/ရပုဂ္ဂလိက/ကျန်းမာရေးနှင့်ဝန်ထမ်းများ(၁၁)ဦး၊ဘုန်းကြီး/သီလရှင်/ ဘာသာရေး ကျောင်း(၅၇)ဦးနိုင်ငံဝန်ထမ်း( ၁၄၇) ဦး၊ နိုင်ငံဝန်ထမ်းမိသားစု(၁၃၅)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်း ( ၂၀၇) ဉီး၊Supermarket /ဈေး (၁၀၃)ဦး၊Volunteer/ပရဟိတ( ၂)ဉီး၊ အကျဉ်း/ အချုပ်သား( ၉၀)ဉီးစုစုပေါင်း( ၁၁၇၄) ဦးကိုကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံးရာ တွင်မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ဌာနဆိုင်ရာများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ရပ်ကွက်/ကျေး ရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်၌ (ပထမအကြိမ်)ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ (၂၇၆၃)တို့အား ဒုတိယအကြိမ်ဦးစားပေးအုပ်စုအလိုက် ကာကွယ် ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
လှကျော်