ကျောက်ဖြူ စက်တင်ဘာ ၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက် ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနမှဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွနေရာများ သို့သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ယခုအခါ ကျောက်ဖြူမြို့နယ်အတွင်းတွင် ၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများမှာ နေ့စဉ်နှင့်အမျှ ရှိနေပြီး သေဆုံးသူ ၅၁ ဉီးအထိရှိနေပြီဖြစ်၍ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူး စက်မှု မဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ နှင့်အညီ နေအိမ်ပြင်ပသို့ထွက်ခွာလျှင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူ ရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ စသည့်လက္ခဏာများဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာ နသို့ အမြန်ဆုံးသွားရောက် ပြသကြရန်လိုအပ်ကြောင်း စသည့်လိုက်နာရမည့်စည်းကမ်း ချက်များအား အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ဈေးများနှင့်လမ်းဆုံလမ်း ခွနေရာ များသို့သွားရောက်၍ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း