ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဟားခါးမြို့ရှိ ဝမ္မသူးမောင်အားကစားကွင်းနှင့် ကီယိုမန်းအားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဟားခါး စက်တင်ဘာ ၅

 

 

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဦးစိန်ထွန်းလှနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဟားခါးမြို့ရှိ ဝမ္မသူးမောင်အားကစားကွင်း မီတာ (၄၀၀) Synthetic ပြေးလမ်းခင်းခြင်းလုပ်ငန်း၊ ကီယိုမန်း အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင် စက်ရုံတည်ဆောက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝမ္မသူးမောင်အားကစားကွင်းသို့ ရောက်ရှိရာ မီတာ (၄၀၀) ပြေးလမ်း Synthetic ခင်းခြင်းလုပ်ငန်း တာဝန်ယူဆောင်ရွက်သည့် REVA Co.Ltd မှ တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်း ဆောင်ရွက်မှုအဆင့်ဆင့်နှင့် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေးနှင့် ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးထာပဲန်းနှင့် မြန်မာအပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံ အင်ဂျင်နီယာအဖွဲ့ (ချင်းပြည်နယ်) ဥက္ကဋ္ဌ ဆလိုင်းဗိုလ်အုပ်တို့က လုပ်ငန်းကြီးကြပ်မှုနှင့် လုပ်ငန်း အရည်အသွေး စစ်ဆေးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က အသုံးပြုသည့်ပစ္စည်းများ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရေး တို့ကို မှာကြားခဲ့ပြီး မီတာ ၄၀၀ ပြေးလမ်း ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှု စစ်ဆေးခဲ့သည်။

 

 

အဆိုပါ ဝမ္မသူးမောင် အားကစားကွင်း မီတာ ၄၀၀ ပြေးလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၀၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ကျပ် ၁၀၂၉ သန်းဖြင့် REVA Co.Ltd မှ တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၀၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေ ကျပ် ၂၉၄ ဒသမ သန်းဖြင့် သူရလင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ကီယိုမန်း အားကစားကွင်း (၄၀၀×၃၀၀) ပေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ခံ အင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

 

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် ဟားခါးမြို့ပြည်သူ့ဆေးရုံဝန်းအတွင်း တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး ၂၀၀  ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင် စက်ရုံတည်ဆောက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံဆောက်လုပ်ရေး တာဝန်ခံက လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို လိုက်လံ ရှင်းလင်းပြသခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံတွင် တပ်မတော်က လှူဒါန်းတပ်ဆင်သည့် အောက်ဆီဂျင် Plant မှ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် အလုံး ၃၄ လုံး ထုတ်လုပ်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သိရသည်။

               

 

ခရိုင် ( ပြန်/ဆက် )