ဂွ စက်တင်ဘာ ၅
ဂွမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိနှုန်း လျော့ကျခြင်းမရှိသောကြောင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေး အတွက် ရခိုင်ပြည်နယ်၊ ကျန်းမာရေးဦးစီးမှူး ဒေါက်တာဦးကြည်လွင်သည် သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဂွမြို့စုရပ်ဖြစ်သည့် အောင်မင်္ဂလာခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ဒုတိယအကြိမ် တိုကင်စနစ်ဖြင့် ထိုးနှံပေးမှုကို လာရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။
ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ကို (ဒုတိယအကြိမ်) ပဥ္စမနေ့အဖြစ် ထိုးနှံခြင်းတွင် အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊နိုင်ငံဝန်ထမ်းများနှင့် အတူနေ မိသားစုများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ ဈေးသူဈေးသားများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ သာသနာ့ ဝန်ထမ်းများ၊ အလုပ်ရုံဝန်ထမ်းများ၊အချုပ်သားများ စသည်တို့ကိုဦးစားပေးအစီအစဉ်အလိုက် စုရပ် ၃ ရပ်တွင်ထိုးနှံပေး ခဲ့ရာ စက်တင်ဘာ(၃)ရက်နေ့အထိ ကာကွယ် ဆေးထိုးနှံပြီးသူ စုစုပေါင်း (၈၀၅)ဦးရှိပြီဖြစ် ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးမှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များတို့က ကိုဗစ်စည်းကမ်းချက်များနှင့် အညီတိုကင် စနစ်ဖြင့် ဆေးထိုးရန် လာရောက်သူများကို ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်