သတင်းများ

ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (sinopharm) ကို ပြည်သူ ၄၃၄ ဦးအား ဒုတိယအကြိမ် ထိုးနှံပြီးစီး
Sep 05,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စုများမှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(sinopharm) ဒုတိယအကြိမ် ထိုးနှံ‌ပေးခြင်းကို ကျန်းမာရေးဌာန၌ စုရပ်ထားရှိပြီး စက်တင်ဘာ ၁ ရက်နေ့က စတင်၍ ယမန်နေ့အထိထိုးနှံပေးခဲ့ပြီး ပြည်သူ ၄၃၄ ဦးအား စနစ်တကျ ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကညင်တန်း သား/ငါးဈေးရှိ ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်
Sep 05,2021
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကညင်တန်း သား/ငါးဈေးရှိ ဈေးရောင်းချသူများအား ယမန်နေ့ နံနက်ပိုင်းက မူလွန်(စံပြ)ကညင်တန်းကျောင်းတွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေး ဆောင်ရွက် ခဲ့ ကြောင်းသိရသည်။
အမ်းမြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် တစ်ရွာလုံးနီးပါး ချောင်းဆိုးခြင်း၊ အနံ့ပျောက်ခြင်း ဖြစ်နေသည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်းသိရ
Sep 05,2021
ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ ညောင်ချောင်းကျေးရွာတွင်၊ တစ်ရွာလုံးနီပါး ဖျားနာ၊ ချောင်းဆိုး၊ အနံ့ပျောက်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်နေကြောင်း လူနာများကိုဆေးစစ်ရန် ကိရိယာများမရှိသဖြင့် အခက်အခဲဖြစ်နေသည်ဟု facebook စာမျက်နှာတွင် ရေးသားထားကြောင်း တွေ့ရှိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 05,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့် အသက် (၆၅) နှစ်နှင့် အထက် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ စားသောက်ဆိုင်ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများနှင့် စက်ရုံအလုပ်ရုံ ဝန်ထမ်းများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီက အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း တွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 05,2021
သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမည့် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄:၃၀နာရီအချိန်ထိ ဒွါရာဝတီမြို့နယ်ခန်းမ၌ လူမျိုးမရွေး ဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၂၀၃ ဦးဆက်လက်ဝင်ရောက်
Sep 05,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် ၂၀၃ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 05,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ်ရှိ သာသနာဗိမာန်စုရပ်၊ မြို့နယ်ထွေအုပ် အစည်းအဝေးခန်းမ စုရပ်တို့နှင့်၊ ကျေးလက်ကျန်းမာရေးဌာနစုရပ်(၆)နေရာတို့တွင် ယနေ့နံနက် (၁၀)နာရီက စတင်ထိုးနှံပေးသည်။
တန့်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံပေး
Sep 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်အတွင်းရွိ သံဃာတော် ဆရာတော်ကြီးများ၊ အသက်(၆၅) နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယနေ့ နံနက်(၉)နာရီ မှစတင်၍ မြို့တော်ခန်းမတွင် ထိုးနှံပေးလျက်ရှိသည်။