ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ကျန်ရှိသော ပြည်သူများ အား ဆက်လက်ထိုးနှံပေး

ရှားတော စက်တင်ဘာ ၅

 

 

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသော ပြည်သူများအား ဆက်လက်ထိုးနှံ ပေးခြင်းကို ယနေ့နံနက်တွင် ဆောင်ရွက်ခဲ့သည်။

 

 

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ရှားတောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သားဖွား ဆရာမ ဒေါ်စုမွန်ကျော်နှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေး ပထမအကြိမ်တွင် ထိုးနှံပြီးစီး၍ ဒုတိယအကြိမ်တွင် ထိုးနှံရန် ကျန်ရှိသော အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးရွယ်အိုများ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် များအား ဆက်လက်ထိုးနှံပေးလျက်ရှိရာ လာရောက်ထိုးနှံကြသည့် ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်းချိန်တိုင်းတာခြင်း၊ ဆီးချို၊ သွေးချိုရောဂါများအား စစ်ဆေးပေးခြင်းများ ပြုလုပ်၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့သည်။

 

 

အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ကျော်နှင့် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ အဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 

မြို့နယ်(ပြန်/ဆက်)