တောင်ကုတ် စက်တင်ဘာ ၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် တောင်ကုတ်မြို့နယ်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော၊ ဆွမ်းဆန်တော်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းခြင်းကို ကိုဗစ်-၁၉ ကာလနှင့်အညီ လူစုလူဝေးဖြစ်ပေါ်မှု မရှိစေအတွက် မြို့ပေါ်ရပ်ကွက်ရှိ စာသင်တိုက်များအား သွားရောက်၍ မြို့နယ်စီံမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွေးနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက်(၈)နာရီအချိန်တွင် မြို့ပေါ်စာသင်တိုက်များသို့ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာသင်တိုက်များသို့ သွားရောက်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆွမ်းဆန်တော်များ၊ ဆီများ လှူဒါန်း၍ ငါးပါးသီလခံယူဆောက်တည်ကာ အမျှပေးဝေခဲ့ကာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေမှု အခြေအနေများကြောင့် ဝါတွင်းကာလအတွင်း ဆွမ်းအခက်အခဲမရှိစေရန် စာသင်တိုက်ကျောင်းတစ်ကျောင်းလျှင် ဆွမ်းဆန်တော် (၁၀)အိတ်နှင့် ဆီ(၂)ပုံးနှုန်းဖြင့်လည်းကောင်း ကပ်လှူခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာများမှ တောင်ကုတ်မြို့နယ်အတွင်းရှိ ဝါဆိုသံဃာ (၅)ပါးနှင့်အထက်ရှိ ဘုန်းတော်ကြီကျောင်းများအား ဆွမ်းဆန်တော်နှင့် ဆီပုံးများအား ဆက်လက်၍ ကပ်လှူသွားမည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မတည်လှူဒါန်းငွေကျပ် (၂၀)သိန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက စုပေါင်း၍ ဆွမ်းဆန်(၁၇၂)အိတ်၊ ဆီ(၁၅၀)ပိဿာ စုစုပေါင်း အလှူငွေကျပ်(၆၅၄၉၅၀၀)ကျပ် တန်ဘိုးရှိ ဆွမ်းဆန်တော်နှင့် ဆီပုံးများအား လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်