ဒီပဲယင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး

ဒီပဲယင်း စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများအတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသော အသက် ၆၅ နှစ်နှင့်အထက် ပုဂ္ဂိုလ်များ ၊ သာသနာဝန်းထမ်းရဟန်းတော်များ ၊ သီလရှင်များ ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေး စေတနာ့ဝန်ထမ်း (volunteer) များနှင့် ရပ်ကွက်/ကျေးရွာ ပြည်သူများအား ဒုတိယအကြိမ်မြောက်    ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းကို စက်တင်ဘာ ၃ ရက်နေ့ နံနက် ၈ နာရီ မှ နေ့လည် ၁ နာရီအချိန်ထိ ဒီပဲယင်းမြို့ အထက ကျောင်းနှင့် ဒီပဲယင်းမြို့နယ် ၊ စိုင်ပြင်မြို့ အထကကျောင်းတို့တွင် စုရပ် ၂ ခုခွဲ၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်မှုတွင်  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ စေတနာ့ဝန်ထမ်း (volunteer) များက ကာကွယ်ဆေးလာရောက်ထိုးနံကြသည့် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား အခက်အခဲ မရှိအောင်နှင့် မြန်ဆန်ချောမွေ့အောင် ဖေးမကူညီဆောင်ရွက်ပေးကြသည်။

ထိုနောက် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း ၊ သွေးပေါင်ချိန်တိုင်းတာခြင်း နှင့် သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှု ပမာဏတိုင်းတာခြင်းများ စနစ်တကျ ဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးသည်။

ယခင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်သော (၁၆၅၆) ဦးအား ဒုတိယအကြိမ်မြောက် စက်တင်ဘာ ၃ ရက်နေ့ နှင့် ၄ ရက်နေ့များတွင် အပြီးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

( မြို့နယ်ပြန်/ဆက်)