သတင်းများ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များမှ လှူဒါန်း​သော ဆွမ်းဆန်တော်များကို ဗဟန်းမြို့နယ်ရှိ သံဃာတော်များနှင့် သီလရှင်များအား ဆက်ကပ်လှူဒါန်း
Sep 05,2021
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ ဆွမ်း၊ ကွမ်း ကိစ္စများကြောင့်ကြမှုမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များက လှူဒါန်းသော ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်လွဲ ၁ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ကြားတောရလမ်းရှိ အလုပ်သမား ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်အောင်မြို့ မကျီးစုတာကြီးတန်း မြစ်ကမ်း‌ဘေးတွင် နေထိုင်ကြသည့် ပြည်သူများအား မြစ်ရေကြီးခြင်း အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် ရေဘေးကယ်ဆယ်ရေး ရှာဖွေကယ်ဆယ်ခြင်း သရုပ်ပြလေ့ကျင့်
Sep 05,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်‌အောင်မြို့ မကျီးစုတာကြီးတန်း ဧရာဝတီမြစ်ကမ်း‌ဘေးတွင် နေထိုင်ကြသည့်ပြည်သူများအား မြစ်ရေကြီးခြင်း အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်က Speed Boad စက်တပ်ရေယာဉ်ဖြင့် မြစ်ကြောင်းတလျောက် အသိပေး နှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေး ရှာဖွေကယ်ဆယ်ခြင်း ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့၊ ခန္တီကျေးရွာအုပ်စုတွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Sep 05,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ခန္တီကျေးရွာအုပ်စုတွင် သံဃာတော်များ၊ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ နှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉) နာရီအချိန်က ခန္တီကျေးရွာ ၊ ရွာဦးကျောင်း၊ ဓမ္မာရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ် ပဲခူး- စစ်တောင်းတူးမြောင်းအတွင်းသို့ ငါးသယံဇာတဖူလုံစေရေးအတွက် ငါးမျိုးစိတ်ကောင်ရေ (၃)သိန်း စိုက်ထည့်
Sep 05,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ပေါကြွယ်ဝစေရန် ၊ ငါးမျိုးပြုန်းတီးမှု လျော့ပါးစေရန်နှင့် ဒေသခံပြည်သူများ ငါးစားသုံးမှုဖူလုံစေရန် ရည်ရွယ်၍ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် စက်တင်ဘာ ၅ ရက် ၊ ယနေ့ နံနက် ၉ နာရီက ပဲခူး-စစ်တောင်းတူးမြောင်းအတွင်း ငါးမျိုးစိတ်ကောင်ရေ (၃)သိန်းအား စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်တွင် ဒုတိယအကြိမ် ထိုးနှံပေးရမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေး
Sep 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း ဒုတိယအကြိမ် ထိုးနှံပေးရမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်မှ ညနေ (၄)နာရီအချိန်အထိ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီ မြို့တော်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ကိုဗစ်၁၉ရောဂါ ကွင်းဆက်ဖြတ်တောက် ထိန်းချုပ်နိုင်ရေး မိုဘိုင်းအသွင် သဏ္ဍာန်ဖြင့် ရပ်ကွက်များအတွင်းRTDဖြင့် ဆက်လက် ကွင်းဆင်းစစ်ဆေး
Sep 05,2021
ကော့သောင်းမြို့တွင် ရောဂါပိုးတွေ့ရှိမှုများပြားသည့် ရပ်ကွက်များအတွင်း ကိုဗစ်၁၉ရောဂါ ကွင်းဆက် ဖြတ်တောက်ထိန်းချုပ်နိုင်ရေး မိုဘိုင်းအသွင်သဏ္ဍာန်ဖြင့် ရပ်ကွက်များအတွင်း RTD ဖြင့်လိုက်လံ စစ်ဆေးဖေါ် ထုတ်လျက်ရှိရာ စက်တင်ဘာလ ၅ရက်နေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှ အေးရိပ်ငြိမ် ရပ်ကွက်၊ ပုလဲလမ်းတွင် လမ်းထွက်သွားလာနေကြသည့် မြို့နေပြည်သူများအား ရှောင်တခင်ကွင်း ဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ပင်လောင်းမြို့နယ် အ.ထ.က(၂)၌ ဦးစားပေးအုပ်စုတွင်ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ
Sep 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ဦးစားပေးအုပ်စုတွင်ပါဝင်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကိုစက်တင်ဘာ ၅ ရက် နံနက် ၁၀နာရီက အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၂)ခန်းမဆောင်၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ကျိုက်လတ်မြို့နယ်၊ တပေတမော့ ကျေးရွာ စပါးခင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲကျင်းပ
Sep 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မှမြို့နယ်အတွင်း ငါးသယံဇာများ ရေရှည်စဉ်ဆက်မပြတ် ပေါများစေရန်၊ ငါးမျိုးပြုန်းတီးမှုလျော့ပါးစေ‌ရေး၊ ဒေသနေ ပြည်သူများ ရိက္ခာဖူလုံစေရေးနှင့် ငါးစားသုံးမှုမြင့်မာစေရေး တို့ကိုရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက် (၉) နာရီကတပေတမော့ ကျေးရွာအုပ်စု ရှိစပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ပွဲကို တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ကျင်းပပြုလုပ်ခဲ့သည်။