တပ်ကုန်း စက်တင်ဘာ ၅
နေပြည်တော်တပ်ကုန်းမြို့နယ်တွင် အသက်(၆၅)နှင့်အထက် အဘိုး၊အဘွားများနှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့၊ တပ်ကုန်း တပ်နယ်မှ ဆေးထိုးအဖွဲ့တို့ဖြင့် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး စတုတ္ထရက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းတွင် ဆက်လက်ထိုးနှံပေးသည်။
ထိုသို့ ထိုးနှံပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်၍ ဒုတိယအကြိမ်ထိုးနှံပေးခဲ့ရာတွင် ပထမရက်ကာကွယ်ဆေး ထိုးနှံသူပေါင်း(၆၈၀)ဦး၊ ဒုတိယရက် ကာကွယ်ဆေးထိုးနှံသူပေါင်း(၁၇၃၅)ဦး၊ တတိယရက် ကာကွယ်ဆေးထိုးနှံသူပေါင်း(၁၇၈၅)ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်ဦးစီးဌာနမှမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပါဝင်ကူညီဆောင်ရွက်ပေးကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူစိုးနှင့် အဖွဲ့ဝင်များ ၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ယာယီရဲမှူး တင်အောင်မို့တို့က လာရောက်ကြည့်ရှု အားပေးကြောင်း သိရသည်။
တင်စိုးလွင်