ပေါင်မြို့နယ်တွင် အကျဉ်းသား(၃၉၉)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့

ပေါင် စက်တင်ဘာ ၅

သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား(၃၉၉)ဦးကို ယမန်နေ့နံနက်ပိုင်းက ဇင်းကျိုက်ကုန်ထုတ်စခန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ် အကျဉ်းဦးစီးဌာန ဇင်းကျိုက်ကုန်ထုတ်စခန်းမှ အကျဉ်းသား(၁၅၇)ဦး၊ မကသဲ(ရင်းငြိမ်) ကုန်ထုတ်စခန်းမှ အကျဉ်းသား (၉၀)ဦးနှင့် အင်းဗြောင်ကုန်ထုတ်စခန်းမှ အကျဉ်းသား (၁၅၂)ဦးတို့ကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခင်မောင်ကြည်နှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ ပေါင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)