ကျိုက်မရော စက်တင်ဘာ ၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသနိုင်ရေး အတွက် ကိုဗစ်-၁၉ရောဂါဝေဒနာရှင်များနှင့် အောက်ဆီဂျင် လိုအပ်သည့် အရေးပေါ်လူနာများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အဆင်ပြေစေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ စေတနာရှင် အလှူရှင်များစုပေါင်း၍ Oxygen Plantစက်ရုံ အား ၂၅ပေ×၆၀ ပေကျယ်ဝန်းသော မြေပေါ်တွင် ၂၅ပေ၊၃၀ ပေရှိအဆောက်အဦ အားစက်တင်ဘာ၁ရက်နေ့က စတင်တည်ဆောက် လျက်ရှိပြီး၊ ယမန်နေ့ညနေ၃နာရီက တစ်ရက်လျှင်၄၀လီတာ ဆံ့အောက်ဆီဂျင် အိုးအလုံးရေ(၆၀)ခန့် ထွက်ရှိမည့် စက်ရောက်ရှိလာသဖြင့် တပ်ဆင်ရန်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အောက်စီဂျင်စက် ရောက်ရှိ တပ်ဆင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ရာ သို့မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့် အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေး ကော်မတီ အတွင်းရေး မှူးဗိုလ်မှူးကြည်သိန်း(ငြိမ်း)၊ တို့ကလာရောက်ကြည့်ရှုပြီး စက်ရုံတည်ဆောက်ရေး လုပ်ငန်းများ နှင့် အောက်ဆီဂျင် အမြန်ဆုံး ထုတ်လုပ်အသုံးပြုနိုင်ရေး ကိုအောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေး ကော်မတီဝင်များက အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက် နေပြီဖြစ် ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)