အမ်းမြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် တစ်ရွာလုံးနီးပါး ချောင်းဆိုးခြင်း၊ အနံ့ပျောက်ခြင်း ဖြစ်နေသည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်းသိရ

အမ်း စက်တင်ဘာ ၅

 

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ ညောင်ချောင်းကျေးရွာတွင်၊ တစ်ရွာလုံးနီပါး ဖျားနာ၊ ချောင်းဆိုး၊ အနံ့ပျောက်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း လူနာများကိုဆေးစစ်ရန် ကိရိယာများမရှိသဖြင့် အခက်အခဲဖြစ်နေသည်ဟု facebook စာမျက်နှာတွင် ရေးသားထားကြောင်း တွေ့ရှိရသည်။

 

အဆိုပါ သတင်းနှင့်ပတ်သက်၍ အမ်းမြို့နယ် ညောင်ချောင်းကျေးရွာအုပ်စု ညောင်ချောင်းကျေးရွာတွင် အိမ်ခြေ(၃၁၆)အိမ်၊ အိမ်ထောင်စု(၃၂၃)စု လူဦးရေ(၁၂၅၇)ဦး နေထိုင်လျက်ရှိပြီး လက်ရှိတွင် သာမာန်ဖျားနာသူ(၂)ဦးသာရှိ၍ တစ်ရွာလုံးဖျားနာ၊ ချောင်းဆိုး၊ အနံ့ပျောက်နေသည်ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် မြိုနယ် ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ ကျေးရွာတွင် ဆောင်ရွက်နေကြောင်း ညောင်ချောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်လှကြည်နှင့် ၎င်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

 

မြို့နယ်( ပြန်/ဆက်)