သံတွဲ စက်တင်ဘာ ၅
သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမည့် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄:၃၀နာရီအချိန်ထိ ဒွါရာဝတီမြို့နယ်ခန်းမ၌ လူမျိုးမရွေး ဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင် နိုင်ငံ့ဝန်ထမ်း(၁၂၀)ဦး ၊ သီလရှင်/ဘုန်းကြီး(၈)ပါး ၊ Super Market ၊ ဈေးသည် (၁၃၀)ဦး ၊ အသက် ၆၅-နှစ် နှင့်အထက် (၄၉၀) ဦး ၊ Volunteer ပရဟိတ(၁၇)ဦး၊ ဝန်ထမ်းမိသားစု(၁၇၂)ဦး၊ အကျဉ်း/အချုပ်သား (၃)ဦး၊ စုစုပေါင်း (၉၄၀) ဦး တို့အား ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၂)ဦး ထိုးနှံပေးလျက်ရှိကြောင်းနှင့် အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ ၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်