သတင်းများ

ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်ခံစွမ်းအားမြှင့်တင်ရေး အားကစားပုံမှန်လှုပ်ရှားပေး အစီအစဉ် ဆောင်ရွက်
Sep 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်ခံစွမ်းအားမြှင့်တင်ရေး အားကစား ပုံမှန်လှုပ်ရှားပေး အစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက အလယ်ပိုင်းရပ်ကွက် မြို့နယ်အ​ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
နောင်ချိုမြို့တွင် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစား ထိုးနှံထားသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး Sinopharm အမျိုးအစား ထိုးနှံထားသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် တတိယနေ့ဆက်လက်ထိုးနှံ
Sep 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က စာသင်ကျောင်းတွင် ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများမှ ဒုတိယအကြိမ် တတိယနေ့အဖြစ် ထိုးနှံ ပေးလျက်ရှိသည်။ထိုကဲ့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများ ဒုတိယအကြိမ် ဆောင်ရွက်ရာတွင် ပထမအကြိမ် ထိုးထားပြီး (၂၈)ရက်ပြည့်ပြီးသူများအား တတိယနေ့ နောက်ဆုံးအသုတ် ထိုးနှံပေးခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါ ကာကွယ်ဆေးများထိုးနှံပေးရာတွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အို များနှင့် ပထမအကြိမ်ထိုးထားပြီးသူများအားလုံး ဒုတိယအကြိမ် ဆက်လက်ထိုးနှံနိုင်အောင် နှိုးဆော်တိုက်တွန်းပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု များရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ ပါဝင်ကူညီပေးလျက်ရှိကြောင်းသိရသည်။
ဝေါမြို့နယ် ပဲခူး-စစ်တောင်းတူးမြောင်းအတွင်းသို့ ငါးသယံဇာတဖူလုံစေရေးအတွက် ငါးမျိုးစိတ်ကောင်ရေ (၃)သိန်း စိုက်ထည့်
Sep 05,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ပေါကြွယ်ဝစေရန် ၊ ငါးမျိုးပြုန်းတီးမှုလျော့ပါးစေရန်နှင့် ဒေသခံပြည်သူများ ငါးစားသုံးမှုဖူလုံစေရန် ရည်ရွယ်၍ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာနမှူး၏ လမ်းညွှန်မှုဖြင့် ယနေ့ နံနက် ၉ နာရီက ပဲခူး-စစ်တောင်းတူးမြောင်းအတွင်း ငါးမျိုးစိတ်ကောင်ရေ (၃)သိန်းအား စိုက်ထည့် ပေးခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 05,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ မိုင်းငေါ့မြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် ယနေ့ နံနက် (၉)နာရီ အချိန်ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေးကို ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Sep 05,2021
တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ်အဖြစ် ယမန်နေ့နံနက်(၉) နာရီအချိန်မှ စတင်၍ မြို့နယ်အတွင်းရှိ တောင်သာ(အထက) နဝရတ်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကသာမြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Sep 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက်(၈)နာရီ အချိန်မှစ၍ ကသာမြို့ရှိ မြို့တော်ခန်းမ၌ ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပြည်ပမှ ကျန်းမာရေး အထောက်အကူပစ္စည်းများ ဝင်ရောက်နိုင်ရေး အများပြည်သူ ရုံးပိတ်ရက်တွင် ဆောင်ရွက် ပေးလျက်ရှိ
Sep 05,2021
ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းသည့် ကျန်းမာရေး အထောက်အကူ ပစ္စည်းများအား နယ်စပ်ဂိတ်များမှ တင်သွင်းရာတွင် အဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေး စခန်းများအား ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေး ကြေငြာချက်များနှင့်အညီ မြန်ဆန်ချောမွေ့နိုင်‌ရေးအတွက် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။