တန့်ဆည် စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်အတွင်းရွိ သံဃာတော် ဆရာတော်ကြီးများ၊ အသက်(၆၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယနေ့ နံနက်(၉)နာရီ မှစတင်၍ မြို့တော်ခန်းမတွင် ထိုးနှံပေးလျက်ရှိသည်။
တန့်ဆည် မြို့နယ်တွင် သြဂုတ်လ(၇)ရက်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသော သံဃာတော် ဆရာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပြန်လည်ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စနစ်တကျထိုးနှံ ပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြပြီး ကျန်ရှိသူများအား သတ်မှတ်ရက်အတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)