ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကညင်တန်း သား/ငါးဈေးရှိ ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်

မောင်တော စက်တင်ဘာ  ၅

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကညင်တန်း သား/ငါးဈေးရှိ ဈေးရောင်းချသူများအား ယမန်နေ့ နံနက်ပိုင်းက မူလွန်(စံပြ)ကညင်တန်းကျောင်းတွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေး ဆောင်ရွက် ခဲ့ ကြောင်းသိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင် လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကညင်တန်းသား ငါးဈေးရှိ ဈေးရောင်းချသူများအား အနက်မှ မိမိသဘော ဆန္ဒအရ လာရောက်စစ်ဆေးခံသူ စုစုပေါင်း (၅၀) ဦး အား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့မှာ ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ 

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ပေး နေရာများတွင် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)