ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

ပေါက်တော စက်တင်ဘာ ၅

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ်ရှိ သာသနာဗိမာန်စုရပ်၊ မြို့နယ်ထွေအုပ် အစည်းအဝေးခန်းမ စုရပ်တို့နှင့်၊ ကျေးလက်ကျန်းမာရေး ဌာနစုရပ်(၆)နေရာတို့တွင် ယနေ့နံနက် (၁၀)နာရီက စတင် ထိုးနှံပေးသည်။

ဒုတိယအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုကြသည်။ ဒုတိယအကြိမ် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် မြို့နယ် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြပြီး ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးကြသည်။

ကာကွယ်ဆေးထိုးနှံပေးရာသို့ ဌာနအသီးသီးမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်း ပြုလုပ်ပေးကြသည်။

တဆက်တည်းမှာပင် ပေါက်တောမြို့နယ်ရှိ ကျောက်တောင်တိုက်နယ်ဆေးရုံ၊ သဝင်ချောင်းကျေးလက် ကျန်းမာရေးဌာန၊ အလယ်ကျွန်း ကျေးလက်ကျန်းမာရေးဌာန၊ သပြေကန်ကျေးလက် ကျန်းမာရေးဌာန၊ ဆင်တက်မော်ကျေးလက် ကျန်းမာရေးဌာန၊ မြင့်ဂါကျေးလက် ကျန်းမာရေးဌာနများသို့ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက စုရပ်အသီးသီးသို့ သွားရောက်ကြီးကြပ်ခြင်း များကို ဆောင်ရွက်ကြလျက် ကျေးရွာရှိ စေတနာဝန်ထမ်းများက လိုအပ်သည်များကို ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးကြသည်။ ပေါက်တောမြို့ပေါ်ရှိ စုရပ်များနှင့် ကျေးလက်ကျန်းမာရေး ဌာနစုရပ်(၆)နေရာတို့တွင်‌ ကိုဗစ်‌ရောဂါ ကာကွယ်ဆေးထိုးရန် ရောက်ရှိလာကြသည့် သံဃာတော်(၆၀) ပါး၊ အသက်(၆၅)နှစ်အထက် (၁၁၈၇)ဦး၊ ပုဂ္ဂလိကဝန်ထမ်း(၁၉)ဦး၊ နိုင်ငံဝန်ထမ်း (၂၁၃)ဦး၊ ပရဟိတ/Volunteer (၂၀၆)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်း(၈၁)ဦး ဈေးသည်(၁၂၆)ဦး၊ အချုပ်သား (၃)ဦး အပါအဝင် စုစုပေါင်း (၁၈၉၅)ဦး ထိုးနှံကြသည်ကို သိရှိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များက ဆေးထိုးလာကြသော ပြည်သူများအား ဒုတိယအကြိမ် ဆေးထိုးနှံပြီးခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ရှောင်ရန်ဆောင်ရန် အချက်အလက်များကို အလေးအနက်ထား လိုက်နာပေးစေလိုကြောင်း ပြောကြားပြီး၊ မိမိကအစ ကာကွယ်ကြစေရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

ကျော်သန်း(မြို့နယ်ပြန်/ဆက်)