သတင်းများ

လင်းခေးတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေး
Sep 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်တွင် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ် ထိုးနှံပေးခြင်း)ကို ယနေ့နံနက်၈နာရီခွဲက လင်းခေးမြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် တောင်ရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် စက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများနှင့် လုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Sep 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ စက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများ နှင့် လုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sonovac) ပထမအကြိမ် ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီက သတ်မှတ်နေရာ ၃ နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် အလှူငွေများ ထည့်ဝင် လှူဒါန်းကြသည့် ရပ်ကွက်/ကျေးရွာ အုပ်စုများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်
Sep 13,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့က တစ်ရက်လျှင် ၄၀ လီတာအိုး အလုံးရေ ၁၂၀ ထွက်ရှိမည့် အောက်ဆီဂျင်စက်ရုံတည်ဆောက် လျက်ရှိရာ အဆိုပါ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးလုပ်ငန်းအတွက် အလှူငွေများ ထည့်ဝင် လှူဒါန်းကြသော မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမ ခန်းမတွင် ကျင်းပသည်။
ပြည်သူများ လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး မြေစိုက်နံရံကပ်​ပြဘုတ်၌ ပြသဆောင်ရွက်ထားရှိ
Sep 13,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦစီးဌာနက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ(၁၃)ရက်နေ့တွင် ကျရောက်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေး နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူမြို့နယ်အတွင်းရှိ ပြည်သူများ လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းက ခရိုင်ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
ထားဝယ်မြို့၌ ကိုဗစ်ရောဂါပိုးကူးစက်ခံရသော်လည်း ပြန်လည်ကောင်းမွန်လာသူများ၏ ရင်တွင်း စကားသံများ
Sep 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများ ကိုရပ်ကွက်/ကျေးရွာများတွင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသော်လည်းပြန်လည် ကောင်းမွန် လာသူများ၏ရင်တွင်းစကားသံများကိုလည်း ယခုလိုကြား သိခဲ့ရပါတယ်။
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာ၊ ရှမ်းဘာသာ(၂)မျိုးဖြင့် အသိပညာပေးနှိုးဆော်
Sep 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ကိုဗစ်−၁၉ရောဂါကာကွယ် ထိန်းချုပ် နိုင်ရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ သီပေါမြို့ မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနား ကျေးရွာများတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြန်မာဘာသာ၊ ရှမ်းဘာသာ (၂)မျိုးဖြင့် လှည့်လည် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၇၀၀၀ ဦး ကျော်တွင် ၆၀၀၀ ဦး ကျော် ဒုတိယအကြိမ် လာရောက်ထိုးနှံ
Sep 13,2021
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၇၀၀၀ ဦး ကျော်အား ဩဂုတ်လ ၂၈ ရက်နေ့က စတင်၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ၆၀၀၀ ဦး ကျော် လာရောက် ထိုးနှံခဲ့ကြောင်း သိရသည်။
ရွာသစ်မြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသ
Sep 13,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ရုံးရှေ့ရှိ နံရံကပ် ပြဘုတ်၌ ပြသထားလျက်ရှိကြောင်း သိရသည်။