ကမ္ဘာ့ရှားပါးကြယ်လိပ် ၈၂ကောင်မှသည် ကြယ်လိပ်ကောင်ရေ တစ်သောင်းပြည့်သွားသည့် သောင်းပြည့်နှစ် လောက နန္ဒာဘေးမဲ့တောဥယျာဉ်
Sep 14,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ရှိ သစ်တောဦးစီးဌာန၊ လောကနန္ဒာဘေးမဲ့ တောဥယျာဉ်တွင် မြန်မာ့ ကြယ်လိပ်များအား ခြံ လှောင်မွေး မြူ ထား ပါသည်။ ရည်ရွယ်ချက်မှာ မြန်မာတစ်နိုင်ငံတည်း မှာသာ ရှိသည့် ဌာနေဖွား မျိုးစိတ်ဖြစ် ပြီး နေရင်း ဒေသများတွင် မျိုးသုဉ်းရန် အလွန် နီးကပ်နေသော အခြေအနေတွင် ရှိခြင်း တို့ ကြောင့်မျိုး ဆက် မပျက်သုဉ်း စေရေးအတွက်မွေးမြူ၍ ပေါက်ဖွါးလာစေရန်၊ တိုးပွါးလာသော သားပေါက်များ ကို ၎င်း တို့ ၏ နေရင်း ဒေသများသို့စေလွှတ် ပေးရန်၊ ဝါသနာရှင်များ၊ ပညာရှင်များ သုသေသနပြုလုပ်နိုင်ရန် နှင့်အများပြည်သူအနီး ကပ်ကြည့်ရှု လေ့လာနိုင်ရန်တို့ အတွက်ဖြစ် ကြောင်း သိရှိရသည်။