ရွာသစ် စက်တင်ဘာ ၁၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ရုံးရှေ့ရှိ နံရံကပ် ပြဘုတ်၌ ပြသထားလျက်ရှိကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲတွင် လူကုန်ကူးမှုနှင့် ပတ်သက်သည့် ဥပဒေပိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ လူကုန်ကူးမှုခံရခြင်းမှ ရရှိလာသည့် ဆိုးကျိုးများနှင့် ရောဂါများအကြောင်း၊ အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများပါမကျန် အသက်အရွယ်မရွေး လူကုန်ကူးခံမှု ဖြစ်စဉ်များအကြောင်း စသည့် အကြောင်းအရာများကို ပြသထားရှိပြီး မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ များက တက်ရောက်လေ့လာ ကြည့်ရှုကြကြောင်း သတင်း ရရှိသည်။
နန်းဆွေဆွေအေး