ပြည်သူများ လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး မြေစိုက်နံရံကပ်​ပြဘုတ်၌ ပြသဆောင်ရွက်ထားရှိ

တောင်ငူ စက်တင်ဘာ  ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦစီးဌာနက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ(၁၃)ရက်နေ့တွင် ကျရောက်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေး နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူမြို့နယ်အတွင်းရှိ ပြည်သူများ လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းက ခရိုင်ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေး မြေစိုက်နံရံကပ်​ပြဘုတ်တွင် လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ၊ လူကုန်ကူးမှုဖြစ်ပွားရခြင်း၏ အဓိက အကြောင်းအရင်းများ၊ လူကုန်ကူးမှု ကျူးလွန်ပါက အရေးယူခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူကုန်ကူးမှုခံရပါက အရေးပေါ် အကူညီတောင်းခံနိုင်သည့် ဖုန်းနံပါတ်နှင့် လိပ်စာများပါဝင်ကြောင်း သိရသည်။

ထို့အပြင် မသန်စွမ်းများ၏ အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ၊ မသန်စွမ်းများအတွက် ကူညီဆောင်ရွက်ပေး​နေမှုများအား သိရှိနိုင်ရန် ဖော်ပြထားသည့် အကြောင်းအရာပါ နံရံကပ်စာ​စောင်များအား ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ ​လေ့လာဖတ်ရှုနိုင်ရန် ပြသထားကြောင်း သိရသည်။