ထားဝယ် စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများ ကိုရပ်ကွက်/ကျေးရွာများတွင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသော်လည်းပြန်လည် ကောင်းမွန် လာသူများ၏ရင်တွင်းစကားသံများကိုလည်း ယခုလိုကြား သိခဲ့ရပါတယ်။
မင်္ဂလာပါခင်ဗျားကျွန်တော်ကတော့ တနင်္သာရီတိုင်းဒေသကြီး ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ထမ်း ဆောင် နေတဲ့ ဦးအောင်စိုးမိုး ဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးကာကွယ်ဆေး(၂)ကြိမ် ထိုးနှံထားပြီး ဖြစ်ပါတယ်။သံသယရှိ လို့ဆိုပြီးသြဂုတ်လ(၈)ရက်နေ့မှာ ခရိုင်ကျန်းမာရေးဦးစီးဌာနမှာ သွားရောက်စစ်ဆေးလိုက်တော့ Positive ဖြစ်နေတာကို သိ ခဲ့ရပါတယ်။ကိုဗစ်စင်တာကွန်ပျူတာ တက္ကသိုလ်မှာသွားရောက်ဆေးကုသမှုခံယူခဲ့ပါတယ်။အနံ့ပျောက်တာကလွဲလို့ အခြား ဆိုးဆိုးရွားရွား ဘာမှမဖြစ်ခဲ့ပါဘူး။ကိုဗစ်ကာကွဘ်ဆေးထိုးထားလို့သက်သက်သာသာနဲ့အသက်အန္တရာယ်မစိုးရိမ်ရဘူး ။ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားမှုအတိုင်း အိပ်ရေးဝဝအိပ်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ ၊အစား အသောက်ကိုလဲ အာဟာရ ရှိတာကိုရွေးချယ်စားသောက်ခဲ့ပါတယ်။ အသက်ရှူလေ့ကျင့်ခန်းနှင့် ကိုယ်လက် လှုပ်ရှားမှုကိုလည်းနေ့စဉ်ဆောင်ရွက် ပြီး တော့သတ်မှတ်ထားတဲ့ရက်ပြည့်လို့ အိမ်ပြန်ပြီးတော့ Home Stay နေခဲ့ပါတယ်။ ကွန်တော်ပြောချင်တာကတော့ ကိုဗစ် ရောဂါဟာ စိတ်ပူစရာလဲမလိုပါဘူး၊ ကြောက်စရာလဲမလိုပါဘူး၊ ပေါ့ဆလို့လည်းမရပါဘူး အဓိကကတော့ ကာကွယ်ဆေးကို ထိုးနှံထားဖို့တော့ လိုပါတယ် ကာကွယ်ဆေးကို ထိုးဖြစ်အောင် ထိုးကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။
ကျွန်တော်ကတော့ဦးစိန်ဝင်းဖြစ်ပါတယ်။အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်ပြီးတော့အသက် ၆၉ နှစ်ကျော်လို့ ၇၀ ဝင် နေပြီးဖြစ်ပါတယ်။ကျွန်တော်မှာသွေးတိုးဆီးချိုရှိတယ်။ကိုဗစ်-၁၉ ကာလမှာကျွန်တော် ကာကွယ် ဆေးကို မြို့တော်ခန်းမမှာ ထိုးခဲ့ပါတယ်။လက်မှတ်လည်းရခဲ့ပါတယ်။ ကျွန်တော်ကလည်း ကာကွယ်ဆေးထိုးထားလို့ဆိုပြီးခပ်ပေါ့ပေါ့သွားလာနေခဲ့ ပါတယ်။သွားလာရင်းနဲ့ဇူလိုင်လ ၂၀ ရက်နေ့နောက်ပိုင်းမှာ နှာဆေးလာတယ်။ချောင်းဆိုးပြီးတော့အနံ့ပါပျောက်လာတယ်။ မသင်္ကာလို့ သာသနာ့ ဗိမာန်မှာသွားရောက်စစ်ဆေးတဲ့အခါ Positive ဖြစ်တော့ သီတဂူဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပါတယ်။ ဆေးရုံမှာဆေးကုသရင်းနဲ့ အနံ့ပြန်ရလာလို့ နေကောင်းပြီးဆိုပြီးတော့ ပြန်လွှတ် လိုက်တယ်ခင်ဗျား။ကျွန်တော်မှာသွေးတိုး ဆီးချိုရောဂါအခံရှိပေမဲ့ အားလုံးအဆင် ပြေတယ်။ကျန်းမာပက တိအတိုင်းဆေးရုံက ဆင်းလာနိုင်ခဲ့ပါတယ်။ကျွန်တော်ပြော ချင်တာကတော့ ပြည်သူများအနေဖြင့် ကိုဗစ်ကာလမှာ ကာကွယ်ဆေးထိုးဖြစ်အောင်ထိုးကြပါလို့ တိုက်တွန်းပြော ချင်တယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။
ကျော်ကျော်လတ်(ထားဝယ်)