သတင်းများ

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ရောဂါပျောက်ကင်းသူ (၉) ဦး ထပ်မံ ဆေးရုံဆင်းခွင့်ရ
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်သူ (၉)ဦး ထပ်မံဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်း သိရ သည်။
လပွတ္တာမြို့နယ်၌ စပါးစိုက်ခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများဆောင်ရွက်
Sep 14,2021
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော လပွတ္တာ-မြောင်းမြ ကားလမ်းဘေးရှိ  အောက်ချောင်းကျေးရွာ တောင်သူ ဦးဇော်ဦး၏ စံပြစိုက်ကွင်း (၁၁)ဧက လယ်မြေတွင် ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၀၉:၀၀)နာရီ အချိန်က ကျင်းပခဲ့သည်။
ကမ္ဘာ့ရှားပါးကြယ်လိပ် ၈၂ကောင်မှသည် ကြယ်လိပ်ကောင်ရေ တစ်သောင်းပြည့်သွားသည့် သောင်းပြည့်နှစ် လောက နန္ဒာဘေးမဲ့တောဥယျာဉ်
Sep 14,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ရှိ သစ်တောဦးစီးဌာန၊ လောကနန္ဒာဘေးမဲ့ တောဥယျာဉ်တွင် မြန်မာ့ ကြယ်လိပ်များအား ခြံ လှောင်မွေး မြူ ထား ပါသည်။ ရည်ရွယ်ချက်မှာ မြန်မာတစ်နိုင်ငံတည်း မှာသာ ရှိသည့် ဌာနေဖွား မျိုးစိတ်ဖြစ် ပြီး နေရင်း ဒေသများတွင် မျိုးသုဉ်းရန် အလွန် နီးကပ်နေသော အခြေအနေတွင် ရှိခြင်း တို့ ကြောင့်မျိုး ဆက် မပျက်သုဉ်း စေရေးအတွက်မွေးမြူ၍ ပေါက်ဖွါးလာစေရန်၊ တိုးပွါးလာသော သားပေါက်များ ကို ၎င်း တို့ ၏ နေရင်း ဒေသများသို့စေလွှတ် ပေးရန်၊ ဝါသနာရှင်များ၊ ပညာရှင်များ သုသေသနပြုလုပ်နိုင်ရန် နှင့်အများပြည်သူအနီး ကပ်ကြည့်ရှု လေ့လာနိုင်ရန်တို့ အတွက်ဖြစ် ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်
Sep 14,2021
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်းတွင် ရောဂါကာကွယ် ကုသရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်း အနားကို ယမန်နေ့ နေ့လယ် ၃ နာရီက ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် ပြုလုပ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Sep 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်နေပြည်သူများအား “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် ၃ နာရီအချိန်က မိုးကောင်း ဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ကျန်ရှိသူများကို ဆက်လက် ထိုးနှံပေးလျက်ရှိ
Sep 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားသော အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ပြည်သူများကို စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီမှ နေ့ ၂ နာရီထိ မြို့လယ်ဓမ္မာရုံတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
မြောက်ဥက္ကလာပမြို့နယ် ပရဟိတအသင်းများအား အလှူရှင်မှ Oxygen အိုးများလှူဒါန်း
Sep 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ပရဟိတအသင်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များနှင့် လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အကျိုးရှိစွာ တစ်ဆင့် ပြန်လည် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များမှ Oxygen အိုးများနှင့် Oxygen flow meter များကို ယမန်နေ့ မွန်းလွဲ ၁ နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ် ကိုဗစ်ကုသရေးစင်တာများအတွက် အလှူငွေများ လှူဒါန်းလျက်ရှိ
Sep 14,2021
သထုံခရိုင်၊ ပေါင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာများ အသုံးပြုနိုင်ရန်အတွက် စေတနာရှင် ပြည်သူများမှ ယနေ့ နံနက်ပိုင်းက အလှူငွေများ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။