ညောင်လေးပင် စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၇၀၀၀ ဦး ကျော်အား ဩဂုတ်လ ၂၈ ရက်နေ့က စတင်၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ၆၀၀၀ ဦး ကျော် လာရောက် ထိုးနှံခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများ ဒုတိယအကြိမ် ထိုးနှံနိုင်ရန် မြို့နယ်အတွင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကာ သတ်မှတ်ထားသော ဆေးထိုးစင်တာများ၌ ထိုးပေးခဲ့ကြရာ ၇၁၃၃ ဦးရှိရာ ၆၃၉၂ ဦး လာရောက်ထိုးနှံခဲ့ပြီး ကျန်ရှိသူများမှာ ဖျားနာနေခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားလာနေကြသူများဖြစ် ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုအား ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်၍ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပထမအကြိမ် ထိုးနှံပြီးသူများအား သက်မှတ်ရက်အလိုက် ဒုတိယအကြိမ်ထိုးနှံပေးခဲ့ခြင်းဖြစ် ကြောင်းနှင့် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။