သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ် ၊ ကွမ်းချောင်းကျေးရွာအတွင်းရှိ အိမ်ထောင်စု(၁၅၀) အားဆန်နှင့်စား သောက်ကုန်ပစ္စည်းများ ကူညီထောက်ပံ့ လှူဒါန်း
Sep 14,2021
လပွတ္တာခရိုင် ၊ မော်လမြိုင်ကျွန်းမြို့နယ်ကွမ်းချောင်း ကျေးရွာအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများနှင့် စားသောက်ရေးအခက်အခဲ ရှိသော အိမ်ထောင်စု စုစုပေါင်း အိမ်ခြေ (၁၅၀) အတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ နံနက် (၁၁)နာရီ အချိန်ကဆောင်ရွက်ကြောင်း သိရှိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ထောင်စုများနှင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စု များကို ထောက်ပံ့ငွေများ ပေးအပ်
Sep 14,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မင်းဘူး(စကု) မြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ထောင်စုများနှင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုများ အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ယမန်နေ့ ညနေပိုင်းက အဆိုပါ ဦးစီးဌာနရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းစားသုံးမှုတွင် အရေးပါသောမြေပဲကို ပိုမိုစိုက်ပျိုးသင့်
Sep 14,2021
မြေပဲကို မြေပဲဆံနှင့် မြေပဲဆီ နှစ်မျိုးစလုံး စားသုံးမှုများသဖြင့် ပြည်တွင်းစားသုံးမှုတွင် အရေးပါသော ကဏ္ဍမှ ပါဝင်သည်။ မြေပဲတစ်ဧကလျှင် ဆီပိဿာချိန် ၁၀၀ ကျော်ထွက်ရှိသဖြင့် ဆီထွက်သီးနှံများ စုစုပေါင်း စိုက်ဧက၏ ၃၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးကြကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများဆိုင်ရာ အသွားအလာကန့်သတ်မှုများ အသိပေးနှိုးဆော်
Sep 14,2021
တနင်္သာရီတိုင်းဒေသကြီး ၊ကော့သောင်းခရိုင် ၊ဘုတ်ပြင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ သူ‌လျော့ကျစေရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများက စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက အသံချဲ့စက်ဖြင့် အသိပေးကြေညာခဲ့သည်။
မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့ နယ်မြေရဲစခန်းများအလိုက် ချုပ်နှောင်ထားရှိသည့် အချုပ်တရားခံများ ကို Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့ နယ်မြေရဲစခန်းများအလိုက် ချုပ်နှောင်ထားရှိသည့် အချုပ်တရားခံများကို ယမန်နေ့နံနက်က မြန်အောင်မြို့မရဲစခန်းတွင်  Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ဂွမြို့တွင် ခမရ(၅၆၂)မှ  တိုင်းရင်းသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်
Sep 14,2021
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နယ်မြေခံတပ်ရင်းဖြစ်သည့်ခမရ(၅၆၂)တွင်နေထိုင်သည့် တိုင်းရင်းသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ်ပေးနိုင်ရေး အတွက် ယမန်နေ့ နံနက် (၈) နာရီခွဲက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ  သွားရောက်၍ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှု့ကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ် (၂) လုံးအား ထောက်ပံ့မှုပေးအပ်
Sep 14,2021
လပွတ္တာခရိုင် ၊ မော်လမြိုင်ကျွန်း မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မင်္ဂလာရာမလမ်းတွင် ယမန်နေ့ ကဖြစ်ပွားခဲ့သော မိုသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု့ကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ် (၂) လုံး ၊ အိမ်ထောင်စု့ (၂) စုအား ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁နာရီ မိနစ် ၃၀ အချိန်က လေဘေးသင့် ပြည်သူ့များထံသို့ သွားရောက်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ဘူးသီးတောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးထပ်မံတွေ့ရှိသူ(၁)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ( ၈)ဦးရှိ
Sep 14,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ယမန်နေ့ ညနေပိုင်းက ဘူးသီးတောင်မြို့နယ် နခခ( ၃)မှ အမျိုးသား(၁)ဦး နေမကောင်း/ အနံမရသဖြင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်ပြသစဉ် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။